ကမ္မဇရုပ် ၁၈ ပါး

by | Sep 14, 2022 | က | 0 comments

ဟဒယရုပ် ၁ ပါး၊ ဣန္ဒြိယရုပ် ၈ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၈ ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကမ္မဒွါရ

ကာယကံ ဝစီကံတို့၏ ထမြောက်အောင်မြင်ကြောင်း ဖြစ်သော ရုပ်များ။

ကာယာနုပဿနာသတိပဋ္ဌာန် ၁

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကသိုဏ်း ၁၀ ပါး

၁။ ပထဝီကသိုဏ်း၊ ၂။ အာပေါကသိုဏ်း၊ ၃။ တေဇောကသိုဏ်း၊ ၄။ ဝါယောကသိုဏ်း၊ ၅။ နီလကသိုဏ်း၊ ၆။ ပီတကသိုဏ်း၊ ၇။ လောဟိတကသိုဏ်း၊ ၈။ ဩဒါတကသိုဏ်း၊ ၉။ အာကာသကသိုဏ်း၊ ၁၀။ အာလောကကသိုဏ်း။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာမုပါဒါန် ၁

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် "ကာမုပါဒါန်"မည်၏။