ပစ္စယပရိဂ္ဂဟဉာဏ် (နာမ်ရုပ်ဖြစ်ကြောင်းကို သိမြင်ပြီး ဆုံးဖြတ်နိုင်သော ဉာဏ်) သည်ပင်လျှင် “ငါဟာ ရှေးက ဖြစ်မှ ဖြစ်ဖူးခဲ့ရလား?” စသော ၁၆-ပါးသော ယုံမှားမှု, အလုံးစုံကို သိနိုင်တဲ့ ဘုရားဆိုတာ ရှိမှ ရှိနိုင်ပါ့မလား?” စသော ၈-ပါးသော ယုံမှားမှုတို့ကို လွန်မြောက်ပယ်ခွာလျက် အကြောင်းကင်းလျက် ဖြစ်၏ ဟူသော အယူ၊ မသင့်သော အကြောင်းကြောင့် ဖြစ်၏ဟူသော အယူဟူသော အညစ်အကြေးမှ စင်ကြယ်ခြင်းကြောင့် “ကင်္ခါဝိတရဏဝိသုဒ္ဓိ” မည်သည်။
ကာမရာဂါနုသယ ၁
ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ကာမရာဂါနုသယ...