၁။ ပထဝီကသိုဏ်း၊ ၂။ အာပေါကသိုဏ်း၊ ၃။ တေဇောကသိုဏ်း၊ ၄။ ဝါယောကသိုဏ်း၊ ၅။ နီလကသိုဏ်း၊ ၆။ ပီတကသိုဏ်း၊ ၇။ လောဟိတကသိုဏ်း၊ ၈။ ဩဒါတကသိုဏ်း၊ ၉။ အာကာသကသိုဏ်း၊ ၁၀။ အာလောကကသိုဏ်း။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ကာယဒွါရိကစိတ် ၄၆ ပါး
အကုသိုလ်စိတ် ၁၂ ပါး၊ ကာယဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...