အ နှင့်စသော စာလုံးများ

အညသမာန်းစေတသိက်

အဆိုးအကောင်း (သောဘန၊အသောဘန) စိတ်နှစ်မျိုးလုံးနှင့် ယှဉ်တွဲဖြစ်သည့် စေတသိက်များ-

အတ္ထိပစ္စယော

ထင်ရှားရှိသည်၏ အဖြစ်ဖြင့် (ထင်ရှားရှိသည်သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အနိမိတ္တနိဗ္ဗာန်

အထည်ကိုယ် ပုံပန်းသဏ္ဌာန်မရှိပုံ အခြင်းအရာကို စွဲမှတ်၍ "အနိမိတ္တနိဗ္ဗာန်" ဟု ခေါ်သည်။

အပ္ပနာဘာဝနာ

ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ ဤအပ္ပနာဘာဝနာသည် ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေတတ်သော မဟဂ္ဂုတ် လောကုတ္တရာဈာန်များ...

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အရူပါဝစရဈာန်

ရူပါဝစရဈာန် ငါးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် "ရုပ်ဟူသော အကြောင်းကြောင့် (သူတပါးကို နှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း၊ (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ အယူအဆ အထင်အမြင် ကွဲပြားခြင်း၊ ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤ အလုံးစုံသည် ရုပ်မရှိသည့်...