ဒုစရိုက် ပြုရန် မရှက်ခြင်းသဘော၊ မစက်ဆုပ်ခြင်းသဘော။

အ နှင့်စသော စာလုံးများ
အာပေါကသိုဏ်း ကမ္မဋ္ဌာန်း
ရေဝိုင်ငယ်ကို (ရေ ရေ)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာပေါကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။
အာလောကကသိုဏ်း
အရောင်အလင်း အဝိုင်းငယ်။
အာဟာရဇရုပ် ၁၂ ပါး
လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။
အကုသိုလ်ကာယကံ ၃ ပါး
၁။ ပါဏာတိပါတ၊ ၂။ အဒိန္နာဒါန၊ ၃။ ကာမေသု မိစ္ဆာစာရ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...
အညမညပစ္စယော
အချင်းချင်း ဖြစ်စေခြင်း,ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြု တတ်သော တရား။
အတ္တဝါဒုပါဒါန် ၂
ဒိဋ္ဌိစေတသိက်။
အနတ္တာနုပဿနာ
သင်္ခါရတရားတို့ကို "အနတ္တ အနတ္တ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနတ္တာနုပဿနာ" ဟု ခေါ်သည်။
အနိန္ဒြိယရုပ် ၂၀ ပါး
ပသာဒရုပ်၊ ဘာဝရုပ်၊ ဇီဝိတရုပ်မှ တစ်ပါး ကျန်သော ရုပ်များ။
အနောတ္တပ္ပ
ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။