"ဘုရားဂုဏ်တော်" စသည်တို့သည် ထိုသတိ၏ အာရုံဖြစ်သော အာရုံကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။

အ နှင့်စသော စာလုံးများ
အာဟာရဇကလာပ် ၂ စည်း
၁။သုဒ္ဓဋ္ဌကကလာပ်၊ ၂။လဟုတာဒေကာဒသကကလာပ်။ (အာဟာရဇရုပ် ၁၂ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု...
အကုသိုလ်ကံ ၃ ပါး
၁။ အကုသိုလ်ကာယကံ၊ ၂။ အကုသိုလ်ဝစီကံ၊ ၃။ အကုသိုလ်မနောကံ။
အဇ္ဈတ္တိကရုပ်
ကိုယ်ခန္ဓာအား ကျေးဇူးအများဆုံးဖြစ်သော ရုပ်များ။
အတီတဘဝင်
လွန်ခဲ့ရာကာလ၌ ဖြစ်သော ဘဝင်စိတ်ကို "အတီတဘဝင်"ဟု ခေါ်သည်။ (ပါဠိ-အတီတဘဝင်္ဂ။အတီတ- အာရုံထင်လာရာ ကာလကို ထောက်၍ လွန်ခဲ့ပြီးသော+ဘဝင်္ဂ-...
အနညာတညဿာမီတိန္ဒြေ ၂
သောတာပတ္တိမဂ်၌ရှိသော ပညာ စေတသိက်။
အနိဒဿနရုပ် ၂၇-ပါး
ရူပါရုံမှ တစ်ပါး ကျန်၂၇ ပါးသော ရုပ်။
အနုဿတိ ၁၀ပါး
၁။ ဗုဒ္ဓါနုဿတိ၊ ၂။ ဓမ္မာနုဿတိ၊ ၃။ သံဃာနုဿတိ၊ ၄။ သီလာနုဿတိ၊ ၅။ စာဂါနုဿတိ၊ ၆။ ဒေဝတာနုဿတိ၊ ၇။ မရဏာနုဿတိ၊ ၈။ ကာယဂတာသတိ၊ ၉။ အာနာပါနုဿတိ၊ ၁၀။ ဥပသမာနုဿတိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...
အပ္ပနာ
ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။
အဗျာပါဒ
ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း။