"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို "သီလဗ္ဗတပရာမာသ"ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ်...

သ နှင့်စသော စာလုံးများ
သုစရိုက် ၁၀ ပါး
ကုသိုလ်ကာယကံ ၃ ပါး၊ကုသိုလ်ဝစီကံ ၄ ပါး၊ကုသိုလ်မနောကံ ၃-ပါး၊ပေါင်း ၁၀ ပါး။ (ကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...
သောက ၂
ဒေါသမူဒွေး၌ရှိသော ဒေါမနဿဝေဒနာ။
သောတာပတ္တိမဂ်စိတ်
အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်စိတ်သည် သောတာပတ္တိမဂ်စိတ် မည်၏။
သောမနဿိန္ဒြေ ၁
ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။
သံသေဒဇသတ္တဝါ
သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး...
သညာ
အာရုံကို မှတ်သိသိခြင်းသဘော၊ အာရုံကို မှတ်သားလျက် သိခြင်းသဘော
သဒ္ဒနဝကကလာပ်
အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်-ဟု ခေါ်သည်။
သန္တိကေရုပ် ၁၂ ပါး
ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
သမာဓိန္ဒြေ ၁
တည်ကြခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။