သ နှင့်စသော စာလုံးများ

သောတာပတ္တိမဂ်

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော...

သစ္စာ ၄ ပါး

၁။ ဒုက္ခသစ္စာ၊ ၂။ သမုဒယသစ္စာ၊ ၃။ နိရောဓသစ္စာ၊ ၄။ မဂ္ဂသစ္စာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သန္တိကေရုပ်

နီးသော ရုပ်များ၊ဝါ-နီးကပ်နေသော ဝတ္ထုကို ယူဖို့ရာ လွယ်သကဲ့သို့ ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သည့်အခါ ထင်လွယ် မြင်လွယ် သိလွယ်သော...

သမနန္တရပစ္စယော

ကောင်းစွာ အခြားမဲ့၌ (ကာလမခြားဘဲ ဆက်တိုက်) အဖြစ်ဖြင့်ပင် ကျေးဇူးပြုတတ်သော တရား။

သမ္မာဝါစာ

အသက်မွေးမှုနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။