သ နှင့်စသော စာလုံးများ

သဒ္ဒဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အသံ။

သန္တတိသမ္မသနနည်း

အအေးရုပ်အစဉ်, အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုးခွဲ၍ သုံးသပ်ခြင်း။

သမ္ဖပ္ပလာပ

ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ အနှစ်မရှိသော စကားကို ပြောဆိုခြင်း။

သြဃ ၄-ပါး

၁။ ကာမောဃ၊ ၂။ ဘဝေါဃ၊ ၃။ ဒိေဋ္ဌာဃ၊ ၄။ အဝိဇ္ဇောဃ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သီလ

ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော သီလကို ထိန်းသိမ်းစောင့်ရှောက်မှု။

သောက ၁

ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ပူပန်ခြင်းသည် "သောက" မည်၏။