ဝ နှင့်စသော စာလုံးများ

ဝိတကက်

အာရုံကို ကြံစည်ခြင်းသဘော။

ဝိပဿနာညစ်နွမ်းကြောင်း ဥပေက္ခာ

အလယ်အလတ်အားဖြင့် လျစ်လျူရှုခြင်း။ အညီအမျှဖြစ်သော ဝိပဿနာဇောနှင့်အတူဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာနှင့် မနောဒွါရ၌ အာဝဇ္ဇန်းနှင့်အတူဖြစ်သော ဥပေက္ခာ။တတြမဇ္ဈတ္တုပေက္ခာ,...

ဝီထိမုတ်စိတ် ၁၉ ပါး

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စကို ဆောင်ရွက်သော ဥပေက္ခာသဟဂုတ်သန္တီရဏ ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး၊ပေါင်း ၁၉ ပါး။(ထိုစိတ်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု...

ဝေါဒါန် ၁

ဝေါဒါန်-ဟူသည် ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို ဖြူစင်စေတတ်သော စိတ် ဖြစ်သည်။

ဝစီဝိညတ်

နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော အမူအရာ အထူးသည် "ဝစီဝိညတ်"မည်၏။

ဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်၊စေတသိက်-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

ဝိတက္ကစရိုက်ဘာဝနာ

အကြံအစည်များသူကို "ဝိတက္ကစရိုက်ရှိသူ"ဟု ခေါ်သည်။ပွားများထိုက်သော တရားကို ဘာဝနာ-ဟု ခေါ်သည်။