ရ နှင့်စသော စာလုံးများ

ရုပ်ဖြစ်ကြောင်းတရား ၄ ပါး

၁။ ကံ၊ ၂။ စိတ်၊ ၃။ ဥတု၊ ၄။ အာဟာရ။ (မိမိသန္တာန်၌ ပြုစီမံထားပြီး ဖြစ်စေထားပြီးသော အတိတ်စေတနာဟူသော "ကံ"၊ အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော "စိတ်"၊ ပူခြင်းအေးခြင်းဟူသော "ဥတု"၊ အဆီအနှစ်အစေးဟူသော "အာဟာရ"၊ ဤလေးပါးတို့သည် ရုပ်ဖြစ်ဖို့ရန်...

ရူပါဝစရ ၁၆ ဘုံ

ပဌမဈာန် ၃ ဘုံ၊ ဒုတိယဈာန် ၃ ဘုံ၊ တတိယဈာန် ၃ ဘုံ၊ စတုတ္ထဈာန် ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။

ရုပ်သက်

ရုပ်တွင် ဥပါဒ်ခဏ ဌီခဏ ဘင်ခဏဟု သုံးမျိုးရှိသည်။ ရုပ်၏အသက်ကို စိတ်၏သက်တမ်းဖြင့် သတ်မှတ်သည်။ ရုပ်အသက်တမ်းသည် စိတ္တက္ခဏ ၁၇ ချက် ကြာမြင့်သည်။ စိတ်ထက်အသက်တမ်း ပိုကြာသည်၊ စိတ်ပေါင်း ၁၇ ခု ချုပ်ပျက်(သက်တမ်းကုန်)မှ ရုပ်တစ်ခု ချုပ်ပျက်(သက်တမ်းကုန်)သည်။ ခဏငယ်အားဖြင့် ၅၁ ချက်...

ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ ရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။

ရူပ ၁၆ ဘုံ

ပထမဈာန်ဘုံ ၃ ဘုံ၊ ဒုတိယဈာန်ဘုံ ၃ ဘုံ၊ တတိယဈာန်ဘုံ ၃ ဘုံ၊ စတုတ္ထဈာန်ဘုံ ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။ (ပထမဈာန်ဘုံ ၃ ဘုံ-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ရူပါဝစရကုသိုလ်စိတ် ၅ ပါး

၁။ရူပါဝစရကုသိုလ် ပဌမဈာန်စိတ်၊ ၂။ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ်၊ ၃။ရူပါဝစရကုသိုလ် တတိယဈာန်စိတ်၊ ၄။ရူပါဝစရကုသိုလ် စတုတ္ထဈာန်စိတ်၊ ၅။ရူပါဝစရကုသိုလ်...