ရ နှင့်စသော စာလုံးများ

ရသာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အရသာ(စားသောက်ဖွယ်)။

ရူပရုပ်

ရှေ့အစဉ်မှ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်သော ရုပ်များ။

ရူပရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ရဟန္တာ

အရဟတ္တမဂ်ကို ရလျှင် အောက်မဂ်များ မပယ်နိုင်၍ ကျန်နေသော ကိလေသာ ၇-ပါးကို အကုန်အစင် ပယ်သည်၊ အာသဝေါတရားတို့လည်း ကုန်ပြီးဖြစ်သည်၊ လောက၌ အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ်လည်း ဖြစ်သည်၊ "ရဟန္တာ"ဟူသော အမည်ကိုလည်း...

ရူပါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အဆင်း။

ရာဂစရိုက်ရှိသူ

ရာဂအဖြစ်များသူကို "ရာဂစရိုက်ရှိသူ"ဟု ခေါ်သည်။ အလွန်တပ်မက်မောတတ်သူများ၊ အလိုလောဘ အတောမသတ်သူများ...