၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ဗ နှင့်စသော စာလုံးများ
ဗြဟ္မာ့ဘုံ ၂၀
ရူပ ၁၆ ဘုံ၊အရူပ ၄ ဘုံ၊ပေါင်း ၂၀။(ရူပ ၁၆ ဘုံ-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။
ဗဟိဒ္ဓသန္တာန်
အသက်ဝိညာဉ်မရှိသော သစ်ပင်, တော, တောင်, ရေ, မြေ, သမုဒ္ဒရာ စသည်တို့၏ ရုပ်ခန္ဓာ အစဉ်ကို "ဗဟိဒ္ဓသန္တာန်"ဟု...
ဗာဟိရရုပ်
ကိုယ်ခန္ဓာအား အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသော ရုပ်များ။