ပ နှင့်စသော စာလုံးများ

ပဋိဃသံယောဇဉ် ၁

ယှဉ်ဖက်တရားတို့ကို ဖျက်ဆီးတတ်သော ပဋိဃသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ပဋိဃသံယောဇဉ်...

ပဋ္ဌာန်းနည်း

အကြောင်းတရားအကျိုးတရား၊ပစ္စယသတ္တိ" ၃-မျိုးကို စုံလင်စွာ ပြသောနည်းသည် "ပဋ္ဌာန်းနည်း" မည်၏။

ပရိကမ္မနိမိတ်

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း-စသော နိမိတ်(ပုံရိပ်အာရုံ)ကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။

ပစ္စဝေက္ခဏဝသီဘော်

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော်...

ပတ္တာနုမောဒနာ

သူတပါး ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပါဏာတိပါတဝိရတိ

ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။(သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ခြင်း)။