န နှင့်စသော စာလုံးများ

နာမ် ရုပ် ၁

ညွတ်တတ်သောသဘောသည် နာမ်မည်၏၊ ဖောက်ပြန်တတ်သော သဘောသည် ရုပ်မည်၏။ ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့်...

နိရောဓသမာပတ်မှ ထသည်

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် "နိရောဓသမာပတ်မှ ထသည်"ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက်...

နာမ် ရုပ် ၂

ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်။

နိပ္ဖန္နရုပ်

"ကံ, စိတ်, ဥတု, အာဟာရ" ဟူသော အကြောင်းတရားတို့က ဖြစ်စေ၍ ဖြစ်ပေါ်လာသော ရုပ်များ။

နိပ္ဖန္နရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

နီလကသိုဏ်း ကမ္မဋ္ဌာန်း

အညိုရောင် အဝိုင်းငယ်ကို (အညိုရောင်၊အညိုရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် နီလကသိုဏ်း ကမ္မဋ္ဌာန်း...

နိဗ္ဗာန်

နိဗ္ဗာန်သည် "ဝါန"ဟုခေါ်သော တဏှာမှ ထွက်မြောက်တတ်၏၊ ထို့ကြောင့် "နိဗ္ဗာန်"ဟု ခေါ်သည်။

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။