တ နှင့်စသော စာလုံးများ

တတိယဈာန်

ပီတိ, သုခ, ဧကဂ္ဂတာ သုံးပါးအစု (သုံးပါးအားလုံးပေါင်း)ကို တတိယဈာန်-ဟု ခေါ်သည်။

တတိယဈာန်စိတ်

တတိယဈာန်နှင့် ယှဉ်တွဲ၍ ဖြစ်သော စိတ်ကို တတိယဈာန်စိတ်။

တတိယဈာန်ဘုံ ၃ ဘုံ

၁။ ပရိတ္တသုဘာဘုံ၊ ၂။ အပ္ပမာဏသုဘာဘုံ၊ ၃။ သုဘကိဏှာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

တဒါရမ္မဏဝါရ

တဒါရုံအဆုံးရှိသော ဝီထိစိတ်တို့၏ အလှည့်အကြိမ်ကို ပြသော အတိမဟန္တာရုံဝီထိကို "တဒါရမ္မဏဝါရ"ဟု...

တာဝတိံသာဘုံ

မာဃလုလင်နှင့် အတူ ကုသိုလ်ပြုဖက် သုံးဆယ့်သုံးယောက်သော နတ်တို့ ဖြစ်ရာ ဘုံ။

တိရစ္ဆာန်ဘုံ

တိရစ္ဆာန်-ဟူသော အမျိုးအစုသည်ပင် တိရစ္ဆာန်ဘုံမည်၏။