တ နှင့်စသော စာလုံးများ

တိဟိတ်ပုဂ္ဂိုလ်

'အလောဘ, အဒေါသ, အမောဟ' ဟိတ် ၃-ပါး ပါရှိသော မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး၊ ဤ၁၃-ပါးသော တိဟိတ်ပဋိသန္ဓေတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေသူကို "တိဟိတ်ပုဂ္ဂိုလ်"ဟု...

တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်

တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်၊ သောတာပတ္တိမဂ္ဂဋ္ဌာန်စသော ပုဂ္ဂိုလ် ၄၊ သောတာပတ္တိဖလဋ္ဌာန်-စသော ပုဂ္ဂိုလ် ၄ ယောက်။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

တဏှာ ၁

အာရုံကို တပ်မက်ခြင်းသဘော၊ ရေငတ်သောသူ ရေကို တမ်းတသလို သာယာတပ်မက် စွဲလမ်းမှု။

တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်

သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဖြစ်သင့်သော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ (ဥပါဒ် ဌီ ဘင် ခဏသုံးပါးနှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို "တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ရှေး ဂေါတြဘုတိုင်အောင် ဟူသည်ကား အရိယာမဖြစ်သေးမီ ကာလအတွင်းဟု...

တုသိတာဘုံ

မိမိ၏ ကျက်သရေစည်းစိမ်ဖြင့် နှစ်သက်ကြသော နတ်တို့ ဖြစ်ရာ ဘုံ။