စ နှင့်စသော စာလုံးများ

စိတ္တိဒ္ဓိပါဒ် ၁

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်သည် စိတ္တိဒ္ဓိပါဒ် မည်၏။

စက္ခုဝိညာဏဝီထိ

စက္ခုဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ စက္ခုဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် စက္ခုဒွါရဝီထိစိတ်တို့ပင်...