စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနံ့။
ဂ နှင့်စသော စာလုံးများ
ဂန္ဓာယတန ၂
ဂန္ဓာရုံ။
ဂန္ဓာရုံ
အနံ့
ဂဗ္ဘသေယျကသတ္တဝါ
ဂဗ္ဘသေယျကသတ္တဝါ-ဟူသည် အမိဝမ်းတွင်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါမျိုး ဖြစ်သည်။
ဂဗ္ဘသေယျကသတ္တဝါ ၂ မျိုး
၁။ ဇလာဗုဇသတ္တဝါ၊ ၂။ အဏ္ဍဇသတ္တဝါ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ဂရုက ကံ
ပင်ကိုအားဖြင့် ကြီးလေးသော မဟဂ္ဂုတ်ကုသိုလ်ကံများနှင့် ပဉ္စာနန္တရိယကံများကို "ဂရုက ကံ"ဟု ခေါ်သည်။
ဂေါစရဂ္ဂါဟကရုပ်
အာရုံကို ယူတတ်သော ရုပ်များ။ (အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅-ပါးကိုပင် "ဂေါစရဂ္ဂါဟကရုပ်"ဟု ခေါ်သည်၊ သို့သော် ရုပ်သည်ကား အာရုံကိုမယူတတ်ပါ၊ စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ အာရုံကို ယူတတ်၏။ ထို့ကြောင့် စက္ခုဝိညာဏ်စသော ဝိညာဏစိတ်များကသာ မုချအားဖြင့် ဂေါစရဂ္ဂါဟကဟု...
ဂေါစရဂ္ဂါဟကရုပ် ၅ ပါး
ပသာဒရုပ် ၅-ပါးပင် ဖြစ်သည်။