သြဃ

by | Jun 9, 2022 | | 0 comments

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို “သြဃ”ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့ကြောင့် “သြဃ”ဟူသော အမည်ကို ရကြသည်။)

သတ္တက္ခတ္တုပရမသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် ကာမဘုံ၌ ၇-ကြိမ် ပဋိသန္ဓေနေပြီးလျှင် ရဟန္တာ...

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သမာပဇ္ဇနဝသီဘော်

အဆင့်ဆင့်အထပ်ထပ် ဈာန်ဝင်စားနိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက ဈာန်ဝင်စားလိုသည်၏ နောက် ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်း အာဝဇ္ဇန်း၏နောက်တွင် ဈာန်ကို...