သြဃ

by | Jun 9, 2022 | | 0 comments

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို “သြဃ”ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့ကြောင့် “သြဃ”ဟူသော အမည်ကို ရကြသည်။)

သစ္စာ ၄ ပါး

၁။ ဒုက္ခသစ္စာ၊ ၂။ သမုဒယသစ္စာ၊ ၃။ နိရောဓသစ္စာ၊ ၄။ မဂ္ဂသစ္စာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။

သောတဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကြားသိစိတ်။