ကာယာနုပဿနာသတိပဋ္ဌာန် ၁

by | Jun 9, 2022 | က | 0 comments

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ မည်၏။

ကာမတဏှာ ၁

အာရုံ ၆-ပါးကို သာယာတပ်မက်သော တဏှာသည် "ကာမတဏှာ" မည်၏။

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကမ္မဘဝ ၂

လောကီကုသိုလ် ၁၇၊ အကုသိုလ် ၁၂-၌ယှဉ်သောစေတနာ ၂၉- ပါး။

ကာမာသဝ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့်...

ကမ္မဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကမ္မဝဋ်ဟု...