သမ္မသန ၄ ပါး

by | Jun 9, 2022 | | 0 comments

၁။ ကလာပသမ္မသန၊ ၂။ အဒ္ဓါသမ္မသန၊ ၃။ သန္တတိသမ္မသန၊ ၄။ ခဏသမ္မသန။

သန္တိကေရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သောတာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နား။

သုခိန္ဒြေ ၁

ကိုယ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သမထကမ္မဋ္ဌာန်း ၄၀

ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး၊ အာဟာရ ပဋိကူလ သညာ ၁-ပါး၊ စတုဓာတုဝဝတ္ထာန် ၁-ပါး၊ အာရုပ္ပ ၄-ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...