သမ္ပဋိစ္ဆိုင်း စိတ်

by | Jun 9, 2022 | | 0 comments

သမ္ပဋိစ္ဆိုင်းစိတ်-ဟူသော ပုဒ်သည် သမ္ပဋိစ္ဆန+စိတ္တဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သမ္ပဋိစ္ဆန= (အာရုံကို) လက်ခံတတ်သော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်ရသည်။

သမ္ဖပ္ပလာပ

ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ အနှစ်မရှိသော စကားကို ပြောဆိုခြင်း။

သဟိတ်စိတ်

ပါဠိ-သဟေတုက။ဟေတု- ယှဉ်ဖက်ဟိတ်၊သ- ရှိသော စိတ်။က ကား သီးခြား အဓိပ္ပါယ် မရှိ။

သမထကမ္မဋ္ဌာန်း

နီဝရဏစသည်တို့ကို ငြိမ်သက်စေနိုင်သော "သမထဘာဝနာ"ကိုပင် တရားအထူးကို ရကြောင်းဖြစ်သောကြောင့် သမထကမ္မဋ္ဌာန်းဟု...

သန္တတိသမ္မသနနည်း

အအေးရုပ်အစဉ်, အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုးခွဲ၍ သုံးသပ်ခြင်း။

သံယောဇဉ် ၁၀-ပါး(အဘိဓမ္မာနည်း)

၁။ ကာမရာဂသံယောဇဉ်၊ ၂။ ဘဝရာဂသံယောဇဉ်၊ ၃။ ပဋိဃသံယောဇဉ်၊ ၄။ မာနသံယောဇဉ်၊ ၅။ ဒိဋ္ဌိသံယောဇဉ်၊ ၆။ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ၇။ ဝိစိကိစ္ဆာသံယောဇဉ်၊ ၈။ ဣဿာသံယောဇဉ်၊ ၉။ မစ္ဆရိယသံယောဇဉ်၊ ၁၀။ အဝိဇ္ဇာသံယောဇဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...