ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး၊ အာဟာရ ပဋိကူလ သညာ ၁-ပါး၊ စတုဓာတုဝဝတ္ထာန် ၁-ပါး၊ အာရုပ္ပ ၄-ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
သန္တိကေရုပ်
နီးသော ရုပ်များ၊ဝါ-နီးကပ်နေသော ဝတ္ထုကို ယူဖို့ရာ လွယ်သကဲ့သို့ ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သည့်အခါ ထင်လွယ် မြင်လွယ် သိလွယ်သော...
