သဒ္ဒပညတ် ၆ ပါး

by | Jun 9, 2022 | သ | 0 comments

၁။ ဝိဇ္ဇမာနပညတ်၊ ၂။ အဝိဇ္ဇမာနပညတ်၊ ၃။ ဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်၊ ၄။ အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်၊ ၅။ ဝိဇ္ဇမာနဝိဇ္ဇမာနပညတ်၊ ၆။ အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သောဘနစိတ်

တင့်တယ်သော ဂုဏ်ကို ဆောင်တတ်သော စိတ်၊ အပြစ်ကင်းသဖြင့် တင့်တယ်ကောင်းမြတ်သော အလောဘ-စသော ဟိတ်တို့နှင့် ယှဉ်သော...

သီလဗ္ဗတပရာမာသကာယဂန္ထ ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို "သီလဗ္ဗတပရာမာသ"ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ်...

သဟိတ်စိတ်

ပါဠိ-သဟေတုက။ဟေတု- ယှဉ်ဖက်ဟိတ်၊သ- ရှိသော စိတ်။က ကား သီးခြား အဓိပ္ပါယ် မရှိ။

သမ္မာသမာဓိ ၁

မှန်စွာ တည်ကြည်မှု ဧကဂ္ဂတာ စေတသိက်သည် "သမ္မာသမာဓိမဂ္ဂင်"မည်၏။