သတိပဋ္ဌာန် ၄ ပါး

by | Jun 9, 2022 | သ | 0 comments

၁။ ကာယာနုပဿနာသတိပဋ္ဌာန်၊ ၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ ၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သဠာယတန ၁

ခြောက်ပါးသော အာယတန။ စက္ခာယတန၊ ၂။ သောတာယတန၊ ၃။ ဃာနာယတန၊ ၄။ ဇိဝှါယတန၊ ၅။ ကာယာယတန၊ ၆။ မနာယတန။

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။

သင်္ခါရုပေက္ခာဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို လျစ်လျူရှုခြင်း၊ မဖြစ်စေခြင်းအားဖြင့် ဖြစ်သော...

သောတာပတ္တိမဂ်စိတ်

အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်စိတ်သည် သောတာပတ္တိမဂ်စိတ် မည်၏။