သကဒါဂါမ်

by | Jun 9, 2022 | | 0 comments

ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် “သကဒါဂါမ်”ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။) သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ရာဂ ဒေါသ မောဟတို့ကို ပါးလှပ်အောင် (ခေါင်းပါးအောင်) ပြုထားပြီးဖြစ်ကြသည်။

သဠာယတန ၂

ပသာဒရုပ်များဖြစ်သော စက္ခာယတနစသော ငါးပါး၊ လောကီဝိပါက် ၃၂ပါးဟူသော မနာယတနအားဖြင့် အာယတန ၆ ပါး။

သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်

သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်စိတ် ဖြစ်ပြီးနောက် သကဒါဂါမိမဂ်မဖြစ်မီ အတွင်းကို သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ...

သံယောဇဉ်

မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင်တတ်သော တရားကို "သံယောဇဉ်"ဟု...