သကဒါဂါမိမဂ်

by | Jun 9, 2022 | သ | 0 comments

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍ ဗြဟ္မာ့ဘုံ၌သာ ဆက်ကာဆက်ကာ ဖြစ်ကာ ကာမဘုံသို့ ပြန်မလာတော့ဘဲ ပရိနိဗ္ဗာန် စံရတော့သည်။ သို့ဖြစ်၍ ဤမဂ်သည် ကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရခြင်း၏ အကြောင်း (အကြိမ်များစွာ မလာရတော့ခြင်း၏ အကြောင်း) ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို သကဒါဂါမိမဂ်-ဟု ခေါ်သည်။

သမ္မာသတိ ၂

သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်၌ရှိသော သတိစေတသိက်။

သောတာပန်

သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ + အာပန္န= ဦးစွာ ပထမ ရောက်သူ-ဟု အဓိပ္ပါယ်ရသည်။ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းကို ဦးစွာ ရသူ၊ ရောက်သူသည် သောတာပန်...

သောဘနစိတ်အကျယ် ၉၁ ပါး

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျယ် ၄၀၊ပေါင်း ၉၁ ပါး။(ကာမာဝစရစိတ် ၅၄ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

သန္တိကေရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)