သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍ ဗြဟ္မာ့ဘုံ၌သာ ဆက်ကာဆက်ကာ ဖြစ်ကာ ကာမဘုံသို့ ပြန်မလာတော့ဘဲ ပရိနိဗ္ဗာန် စံရတော့သည်။ သို့ဖြစ်၍ ဤမဂ်သည် ကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရခြင်း၏ အကြောင်း (အကြိမ်များစွာ မလာရတော့ခြင်း၏ အကြောင်း) ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို သကဒါဂါမိမဂ်-ဟု ခေါ်သည်။
သန္တိကေရုပ် ၁၂ ပါး
ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)