၁။ ကာမရာဂသံယောဇဉ်၊ ၂။ ဘဝရာဂသံယောဇဉ်၊ ၃။ ပဋိဃသံယောဇဉ်၊ ၄။ မာနသံယောဇဉ်၊ ၅။ ဒိဋ္ဌိသံယောဇဉ်၊ ၆။ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ၇။ ဝိစိကိစ္ဆာသံယောဇဉ်၊ ၈။ ဣဿာသံယောဇဉ်၊ ၉။ မစ္ဆရိယသံယောဇဉ်၊ ၁၀။ အဝိဇ္ဇာသံယောဇဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
သကဒါဂါမိမဂ်
သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...