ဝိရတီ

by | Jun 9, 2022 | ဝ | 0 comments

မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသဘော။

ဝတ္ထုရုပ်

စိတ်, စေတသိက်တို့၏ မှီရာဖြစ်သော ရုပ်များ။

ဝိပဿနာညစ်နွမ်းကြောင်း ဩဘာသ

ကိုယ်ရောင်ကိုယ်ဝါကို ဩဘာသဟု ခေါ်သည်။ ဥဒယဗ္ဗယဉာဏ်ဖြင့် ဖြစ်မှု ပျက်မှုကို အဖန်ဖန်ရှုသော ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှ အရောင်အလင်းများ...

ဝိနီလကအသုဘကမ္မဋ္ဌာန်း

ညိုမည်းကွက်ထနေသည့် သူသေကောင်ကို "ညိုမည်းကွက်ထနေသည့် သူသေကောင် ညိုမည်းကွက်ထနေသည့် သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိနီလကအသုဘကမ္မဋ္ဌာန်း...

ဝိကာရရုပ်

စိတ် ဥတု အာဟာရကြောင့် ဖြစ်သော နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးမှု၊ နူးညံ့မှု၊ ပြုလုပ်ရန် အဆင်သင့် ဖြစ်မှု၊ (ဖျတ်ဖျတ်လပ်လပ် သွက်သွက်လက်လက်ရှိမှု) ကိုယ်ဖြင့် သိစေမှု၊ နှုတ်ဖြင့် သိစေမှုတို့သည် ထူးခြားသော အမူအရာများ ဖြစ်ကြသည်၊ ထိုထူးခြားသော အမူအရာကိုပင် "ဝိကာရရုပ်"ဟု...