ဝိမောက္ခမုခ

by | Jun 9, 2022 | ဝ | 0 comments

ဝိမောက္ခအမည်ရသော မဂ်, ဖိုလ်ကို ဝင်ရောက်ဖို့ရာ တံခါးဂိတ်ဝအလား အဝင်ဝဖြစ်သော ဝိပဿနာတရားသည် “ဝိမောက္ခမုခ” မည်၏၊ ဤ၌ “မုခ”သဒ္ဒါသည် “အဝင်ဝ”ဟူသော အနက်ကို ဟောသည်။

ဝိပါက်စိတ်

ဝိပါက်စိတ်-ဟူသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်သော စိတ်။

ဝိညတ်ရုပ်

မိမိ၏အလိုကို သူတစ်ပါးအား သိစေနိုင်သော အမူအရာအထူးကို "ဝိညတ်"ဟု ခေါ်သည်။

ဝေါဒါန် ၁

ဝေါဒါန်-ဟူသည် ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို ဖြူစင်စေတတ်သော စိတ် ဖြစ်သည်။

ဝိစိကိစ္ဆာသံယောဇဉ် ၁

ယုံမှားသံသယဒွိဟသဘောရှိသော ဝိစိကိစ္ဆာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဝိစိကိစ္ဆာသံယောဇဉ်...