၁။ သုညတဝိမောက္ခ၊ ၂။ အနိမိတ္တဝိမောက္ခ၊ ၃။ အပ္ပဏိဟိတဝိမောက္ခ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ဝိကာရရုပ်
စိတ် ဥတု အာဟာရကြောင့် ဖြစ်သော နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးမှု၊ နူးညံ့မှု၊ ပြုလုပ်ရန် အဆင်သင့် ဖြစ်မှု၊ (ဖျတ်ဖျတ်လပ်လပ် သွက်သွက်လက်လက်ရှိမှု) ကိုယ်ဖြင့် သိစေမှု၊ နှုတ်ဖြင့် သိစေမှုတို့သည် ထူးခြားသော အမူအရာများ ဖြစ်ကြသည်၊ ထိုထူးခြားသော အမူအရာကိုပင် "ဝိကာရရုပ်"ဟု...