ဥဒယဗ္ဗယဉာဏ်ဖြစ်ပေါ်စ ရှေ့ပိုင်းကာလ၌ ဝိပဿနာညစ်နွမ်းကြောင်း ဘေးရန်အန္တရာယ်များ ဖြစ်ပေါ်လာတတ်သည်။ ထိုအန္တရာယ်များမှာ ဆယ်ပါး ရှိသည်။ ထိုအန္တရာယ်များကို ဝိပဿနာညစ်နွမ်းကြောင်းတရား ၁၀ ပါးဟု ခေါ်သည်။
ဝိမောက္ခမုခ
ဝိမောက္ခအမည်ရသော မဂ်, ဖိုလ်ကို ဝင်ရောက်ဖို့ရာ တံခါးဂိတ်ဝအလား အဝင်ဝဖြစ်သော ဝိပဿနာတရားသည် "ဝိမောက္ခမုခ" မည်၏၊ ဤ၌ "မုခ"သဒ္ဒါသည် "အဝင်ဝ"ဟူသော အနက်ကို...
