ဝိပဿနာညစ်နွမ်းကြောင်း ပဂ္ဂဟ

by | Jun 9, 2022 | ဝ | 0 comments

သမ္မပ္ပဓာန်ကိစ္စကို ဆောင်ရွက်တတ်သော ဝီရိယသမ္ဗောဇ္ဈင်၊ ဝိပဿနာစိတ်ကို အားပေးချီးမြှောက် ထောက်ပံ့ခြင်း။ ဝီရိယ။

ဝေါဒါန် ၁

ဝေါဒါန်-ဟူသည် ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို ဖြူစင်စေတတ်သော စိတ် ဖြစ်သည်။

ဝိဘဝတဏှာ ၁

သေပြီးနောက် အတ္တနှင့် လောကသည် ပြတ်စဲ၏-ဟူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဝိဘဝတဏှာ" မည်၏။

ဝိညာဏ် ၁

အာရုံကို အထူးသိခြင်းသဘောသည် ဝိညာဏ်မည်၏။