ဝိတကက်

by | Jun 9, 2022 | | 0 comments

အာရုံကို ကြံစည်ခြင်းသဘော။

ဝဋ် ၃ ပါး

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ "ဝဋ္ဋ"သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။...

ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်ကို "ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်၊ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း...

ဝိပဿနာဉာဏ် ၁၀ ပါး

အနုပဿနာဉာဏ်သည်ပင်လျှင် "သမ္မသနဉာဏ်"စသည်ဖြင့် ၁၀-ပါး ပွားလာပြန်သည်၊ ဤ ၁၀-ပါးကိုပင် "ဝိပဿနာဉာဏ် ၁၀-ပါး"ဟု ခေါ်သည်။၁။ သမ္မသနဉာဏ်၊ ၂။ ဥဒယဗ္ဗယဉာဏ်၊ ၃။ ဘင်္ဂဉာဏ်၊ ၄။ ဘယဉာဏ်၊ ၅။ အာဒီနဝဉာဏ်၊ ၆။ နိဗ္ဗိဒါဉာဏ်၊ ၇။ မုစ္စိတုကမျတာဉာဏ်၊ ၈။ ပဋိသင်္ခါဉာဏ်၊ ၉။ သင်္ခါရုပေက္ခာဉာဏ်၊ ၁၀။...

ဝေဒနာ

အာရုံ၏ အရသာကို ခံစားခြင်းသဘော။