ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း

by | Jun 9, 2022 | | 0 comments

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်ကို “ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်၊ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း မည်၏။

ဝစီဝိညတ်

နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော အမူအရာ အထူးသည် "ဝစီဝိညတ်"မည်၏။

ဝေါဒါန် ၁

ဝေါဒါန်-ဟူသည် ယှဉ်တွဲ ဖြစ်ဖက်တရားတို့ကို ဖြူစင်စေတတ်သော စိတ် ဖြစ်သည်။

ဝီထိမုတ်စိတ် ၁၉ ပါး

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စကို ဆောင်ရွက်သော ဥပေက္ခာသဟဂုတ်သန္တီရဏ ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး၊ပေါင်း ၁၉ ပါး။(ထိုစိတ်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု...