ကံ ၄ ပါး(တစ်နည်း)

by | Jun 9, 2022 | က | 0 comments

၁။အကုသိုလ်ကံ၊ ၂။ ကာမာဝစရကုသိုလ်ကံ၊ ၂။ရူပါဝစရကုသိုလ်ကံ၊ ၂။အရူပါဝစရကုသိုလ်ကံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။

ကာယမုဒုတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ နူးညံ့ခြင်းသဘော။

ကာမရာဂသံယောဇဉ် ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ကာမရာဂသံယောဇဉ်...