လက္ခဏာယာဉ်

by | Jun 9, 2022 | | 0 comments

သင်္ခါရတရားတို့၏ အမှတ်အသားကို “လက္ခဏ”ဟု ခေါ်သည်၊ ယင်း ၃-ပါးကိုပင် လှေယာဉ်, လှည်းယာဉ်အလား နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သောကြောင့် “လက္ခဏတ္တယ- လက္ခဏာယာဉ် ၃-ပါး”ဟုလည်း ခေါ်ကြသည်။

လောကီစိတ်

လောကဟူသော ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော စိတ်။

လက္ခဏရုပ် ၄ ပါး

၁။ ဥပစယ၊ ၂။ သန္တတိ၊ ၃။ ဇရတာ၊ ၄။ အနိစ္စတာ။ (အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

လောဘ

လိုချင်တပ်မက်ခြင်းသဘော။

လောကတ္တရာစိတ် အကျယ် ၄၀

မဂ်စိတ်အကျယ် ၂၀၊ဖိုလ်စိတ်အကျယ် ၂၀၊ပေါင်း ၄၀။ (မဂ်စိတ်အကျယ် ၂၀-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)