ရူပရာဂသံယောဇဉ် ၁

by | Jun 9, 2022 | | 0 comments

ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို “ရူပရာဂ”ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ရူပရာဂသံယောဇဉ် မည်၏။ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော လောဘ။

ရူပါဝစရဝိပါက်စိတ် ၅ ပါး

၁။ရူပါဝစရဝိပါက် ပဌမဈာန်စိတ်၊ ၂။ရူပါဝစရဝိပါက် ဒုတိယဈာန်စိတ်၊ ၃။ရူပါဝစရဝိပါက် တတိယဈာန်စိတ်၊ ၄။ရူပါဝစရဝိပါက် စတုတ္ထဈာန်စိတ်၊ ၅။ရူပါဝစရဝိပါက်...

ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ ရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။

ရူပါဝစရဘုံ

ရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် ရူပါဝစရဘုံ မည်၏။

ရူပရုပ်

ရှေ့အစဉ်မှ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်သော ရုပ်များ။