ရူပရာဂသံယောဇဉ် ၁

by | Jun 9, 2022 | ရ | 0 comments

ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို “ရူပရာဂ”ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ရူပရာဂသံယောဇဉ် မည်၏။ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော လောဘ။

ရူပါဝစရစိတ် ၁၅ ပါး

ရူပါဝစရကုသိုလ်စိတ် ၅ ပါး၊ ရူပါဝစရဝိပါက်စိတ် ၅ ပါး၊ ရူပါဝစရကြိယာစိတ် ၅ ပါး၊ပေါင်း ၁၅ ပါး။ (ရူပါဝစရကုသိုလ်စိတ် ၅ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ရာဂစရိုက်ရှိသူ

ရာဂအဖြစ်များသူကို "ရာဂစရိုက်ရှိသူ"ဟု ခေါ်သည်။ အလွန်တပ်မက်မောတတ်သူများ၊ အလိုလောဘ အတောမသတ်သူများ...

ရုပ်သက်

ရုပ်တွင် ဥပါဒ်ခဏ ဌီခဏ ဘင်ခဏဟု သုံးမျိုးရှိသည်။ ရုပ်၏အသက်ကို စိတ်၏သက်တမ်းဖြင့် သတ်မှတ်သည်။ ရုပ်အသက်တမ်းသည် စိတ္တက္ခဏ ၁၇ ချက် ကြာမြင့်သည်။ စိတ်ထက်အသက်တမ်း ပိုကြာသည်၊ စိတ်ပေါင်း ၁၇ ခု ချုပ်ပျက်(သက်တမ်းကုန်)မှ ရုပ်တစ်ခု ချုပ်ပျက်(သက်တမ်းကုန်)သည်။ ခဏငယ်အားဖြင့် ၅၁ ချက်...

ရူပါဝစရဝိပါက်စိတ် ၅ ပါး

၁။ရူပါဝစရဝိပါက် ပဌမဈာန်စိတ်၊ ၂။ရူပါဝစရဝိပါက် ဒုတိယဈာန်စိတ်၊ ၃။ရူပါဝစရဝိပါက် တတိယဈာန်စိတ်၊ ၄။ရူပါဝစရဝိပါက် စတုတ္ထဈာန်စိတ်၊ ၅။ရူပါဝစရဝိပါက်...