ရုပ်သက်

by | Jun 9, 2022 | | 0 comments

ရုပ်တွင် ဥပါဒ်ခဏ ဌီခဏ ဘင်ခဏဟု သုံးမျိုးရှိသည်။ ရုပ်၏အသက်ကို စိတ်၏သက်တမ်းဖြင့် သတ်မှတ်သည်။ ရုပ်အသက်တမ်းသည် စိတ္တက္ခဏ ၁၇ ချက် ကြာမြင့်သည်။ စိတ်ထက်အသက်တမ်း ပိုကြာသည်၊ စိတ်ပေါင်း ၁၇ ခု ချုပ်ပျက်(သက်တမ်းကုန်)မှ ရုပ်တစ်ခု ချုပ်ပျက်(သက်တမ်းကုန်)သည်။ ခဏငယ်အားဖြင့် ၅၁ ချက် ရှိသည်။

ရူပါဝစရဘုံ

ရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် ရူပါဝစရဘုံ မည်၏။

ရူပဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အဆင်း။

ရုပ်ဖြစ်ကြောင်းတရား ၄ ပါး

၁။ ကံ၊ ၂။ စိတ်၊ ၃။ ဥတု၊ ၄။ အာဟာရ။ (မိမိသန္တာန်၌ ပြုစီမံထားပြီး ဖြစ်စေထားပြီးသော အတိတ်စေတနာဟူသော "ကံ"၊ အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော "စိတ်"၊ ပူခြင်းအေးခြင်းဟူသော "ဥတု"၊ အဆီအနှစ်အစေးဟူသော "အာဟာရ"၊ ဤလေးပါးတို့သည် ရုပ်ဖြစ်ဖို့ရန်...

ရူပါဝစရ ၁၆ ဘုံ

ပဌမဈာန် ၃ ဘုံ၊ ဒုတိယဈာန် ၃ ဘုံ၊ တတိယဈာန် ၃ ဘုံ၊ စတုတ္ထဈာန် ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။

ရာဂစရိုက်ရှိသူ

ရာဂအဖြစ်များသူကို "ရာဂစရိုက်ရှိသူ"ဟု ခေါ်သည်။ အလွန်တပ်မက်မောတတ်သူများ၊ အလိုလောဘ အတောမသတ်သူများ...