ရုပ်ဖြစ်ကြောင်းတရား ၄ ပါး

by | Jun 9, 2022 | ရ | 0 comments

၁။ ကံ၊ ၂။ စိတ်၊ ၃။ ဥတု၊ ၄။ အာဟာရ။ (မိမိသန္တာန်၌ ပြုစီမံထားပြီး ဖြစ်စေထားပြီးသော အတိတ်စေတနာဟူသော “ကံ”၊ အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော “စိတ်”၊ ပူခြင်းအေးခြင်းဟူသော “ဥတု”၊ အဆီအနှစ်အစေးဟူသော “အာဟာရ”၊ ဤလေးပါးတို့သည် ရုပ်ဖြစ်ဖို့ရန် အကြောင်းရင်းခံတရားများ ဖြစ်ကြသည်။)

ရူပဘုံ

ရူပါဝစရဘုံ၏ အတိုကောက် အမည်။

ရသာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အရသာ(စားသောက်ဖွယ်)။

ရူပါဝစရ ၁၆ ဘုံ

ပဌမဈာန် ၃ ဘုံ၊ ဒုတိယဈာန် ၃ ဘုံ၊ တတိယဈာန် ၃ ဘုံ၊ စတုတ္ထဈာန် ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။