ရာဂစရိုက်ရှိသူ

by | Jun 9, 2022 | | 0 comments

ရာဂအဖြစ်များသူကို “ရာဂစရိုက်ရှိသူ”ဟု ခေါ်သည်။ အလွန်တပ်မက်မောတတ်သူများ၊ အလိုလောဘ အတောမသတ်သူများ ဖြစ်သည်။

ရူပရုပ်

ရှေ့အစဉ်မှ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်သော ရုပ်များ။

ရူပါဝစရ ၁၆ ဘုံ

ပဌမဈာန် ၃ ဘုံ၊ ဒုတိယဈာန် ၃ ဘုံ၊ တတိယဈာန် ၃ ဘုံ၊ စတုတ္ထဈာန် ၇ ဘုံ၊ပေါင်း ၁၆ ဘုံ။

ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ ရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။