မာန

by | Jun 9, 2022 | မ | 0 comments

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။

မဂ်စိတ်

မဂ်နှင့် ယှဉ်တွဲဖြစ်သော စိတ်သည် မဂ်စိတ်။

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။

မနောသဉ္စေတနာဟာရ ၁

ဘဝသုံးပါး၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ကုသိုလ် အကုသိုလ်ကံ-ဟု ဆိုအပ်သော စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။(ကမ္မပစ္စယာ...