မဟာကြိယာစိတ် ၈ ပါး

by | Jun 9, 2022 | မ | 0 comments

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ပေါင်း ဂ ပါး။

မိစ္ဆာသမာဓိ ၂

ဝိစိကိစ္ဆာသဟဂုတ်မှ တပါး အကုသိုလ်စိတ် ၁၀-ပါး၌ရှိသော "ဧကဂ္ဂတာ စေတသိက်"။

မနိန္ဒြေ၁

သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

မနသိကာရ

နှလုံးသွင်း ဆင်ခြင်ခြင်းသဘော။

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။