မဟဂ္ဂုတ်စိတ် ၂၇ ပါး

by | Jun 9, 2022 | မ | 0 comments

ရူပါဝစရစိတ် ၁၅ ပါး၊ အရူပါဝစရစိတ် ၁၂ ပါး၊ပေါင်း ၂၇ ပါး။ (ရူပါဝစရစိတ် ၁၅ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မိစ္ဆာသမာဓိ ၂

ဝိစိကိစ္ဆာသဟဂုတ်မှ တပါး အကုသိုလ်စိတ် ၁၀-ပါး၌ရှိသော "ဧကဂ္ဂတာ စေတသိက်"။

မနောဝိညာဏဓာတ် ၂

ပဉ္စဝိညာဏ် ၁၀ ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေးမှ တစ်ပါး ကြွင်းသော စိတ် ၇၆ ပါး။

မဂ်စိတ်

မဂ်နှင့် ယှဉ်တွဲဖြစ်သော စိတ်သည် မဂ်စိတ်။

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။

မစ္ဆရိယသံယောဇဉ် ၁

ဝန်တိုခြင်းမစ္ဆရိယသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် မစ္ဆရိယသံယောဇဉ်...