မနောသဉ္စေတနာဟာရ ၁

by | Jun 9, 2022 | | 0 comments

ဘဝသုံးပါး၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ကုသိုလ် အကုသိုလ်ကံ-ဟု ဆိုအပ်သော စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။(ကမ္မပစ္စယာ ဘဝေါ)။

မောစတုက် ၄ ပါး

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မေတ္တာ ၂

မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် "ဘုရားဖူး, တရားနာ"စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား "မေတ္တာ"မဟုတ်ပါ၊ သို့ဖြစ်၍ "အဒေါသစေတသိက်ကို မေတ္တာ"ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း "မေတ္တာ" မည်သည်ကား...

မုသာဝါဒ

မုသားပြောခြင်း၊ လိမ်ညာ ဝါဖြန်း၍ ပြောဆိုခြင်း။ မမှန်စကား ပြောဆိုခြင်း၊

မဂ်၂

နိဗ္ဗာန်ကို ရှာမှီးတတ်သည့် သမ္မာဒိဋ္ဌိ-စသော တရား။

မောဟစရိုက်ရှိသူ

မောဟအဖြစ်များသူကို "မောဟစရိုက်ရှိသူ"ဟု ခေါ်သည်။ ဆင်ခြင်ဉာဏ်နည်းပါး မိုက်မဲသူများ၊...

မိစ္ဆာဝါယာမ ၁

မှားယွင်းဖောက်ပြန် မဟုတ် မမှန် အားထုတ်မှုသည် "မိစ္ဆာဝါယာမ" မည်၏။