မနောသဉ္စေတနာဟာရ ၁

by | Jun 9, 2022 | မ | 0 comments

ဘဝသုံးပါး၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ကုသိုလ် အကုသိုလ်ကံ-ဟု ဆိုအပ်သော စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။(ကမ္မပစ္စယာ ဘဝေါ)။

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။

မဂ်၁

လမ်းကြောင်း၊(သုဂတိလမ်းကြောင်း၊ဒုဂ္ဂတိလမ်းကြောင်း။သုဂတိဘုံဘဝ, ဒုဂ္ဂတိဘုံဘဝသို့ သွားရောက် ခိုလှုံဖို့ရာ လမ်းကြောင်းဖြစ်သော တရားအပေါင်းကို "မဂ်"ဟု...

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။