ကံ ၄ ပါး

by | Jun 9, 2022 | က | 0 comments

၁။ဇနက ကံ၊ ၂။ဥပတ္ထမ္ဘက ကံ၊ ၃။ဥပပီဠက ကံ၊ ၄။ဥပဃာတက ကံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကလာပ်

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို "ကလာပ်"ဟု...

ကာမရာဂါနုသယ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ကာမရာဂါနုသယ...

ကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်၊ နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော ကုသိုလ်ကံ။

ကာမုပါဒါန် ၁

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် "ကာမုပါဒါန်"မည်၏။