မနောဒွါရဝီထိ

by | Jun 9, 2022 | | 0 comments

မနောဒွါရ၌ ဖြစ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။

မောစတုက် ၄ ပါး

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မဟာဘုတ်

မဟာဘူတ-ကြီးကျယ်ထင်ရှားသော ရုပ်များကို "မဟာဘုတ်"ဟု ခေါ်သည်၊ မှန်၏၊ ထိုမဟာဘုတ်မည်သော ရုပ်များသည် အခြားရုပ်များထက် အထည်ကိုယ်ဒြပ်အားဖြင့်လည်း ကြီးကျယ်သည်၊ သဘောလက္ခဏာအားဖြင့်လည်း ထင်ရှားသည်၊ ထို့ကြောင့် "မဟာဘုတ်" ဟူသော အမည်ကို ရကြသည်။ (မဟာ- ကြီးကျယ်သည်ဖြစ်၍ +ဘူတ-...

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။

မုဒိတာ

ကြီးပွားချမ်းသာ တိုးတက် အောင်မြင်နေသော သူကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

မနာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော စိတ်။

မဟာကပ်

ဝိဝဋ္ဋဋ္ဌာယီအသသင်္ချေယျကပ်-စသော အသင်္ချေယျကပ် (၄) ကပ်သည် မဟာကပ် မည်၏၊ ၎င်းမဟာကပ် တစ်ကပ်ကိုပင် တစ်ကမ္ဘာ-ဟု ခေါ်သည်။ ပါဠိဘာသာကပ္ပ-ဟူသော ဝေါဟာရမှ မြန်မာဘာသာ ကမ္ဘာ-ဟူသော ဝေါဟာရသို့ ပြောင်းလဲလာခြင်း...