မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

by | Jun 9, 2022 | မ | 0 comments

“ကိုယ်ရောင်ကိုယ်ဝါ-စသည်တို့သည် မဂ်-ဖိုလ် မဟုတ်၊ မဂ်-ဖိုလ်ကြောင့် ဖြစ်ပေါ်လာကြသည်လည်း မဟုတ်၊ ဤ’ကိုယ်ရောင် ကိုယ်ဝါ’ စသည်တို့ကို စဉ်းစားဆင်ခြင်မှုသည်လည်း ဝိပဿနာလမ်းမှန် မဟုတ်၊ ပေါ်လာသမျှသော ရုပ်-နာမ်တို့ကို ထင်ရှားရှိခိုက်မှာ မပြတ်မလပ် ရှုမှတ်ခြင်းကသာ ဝိပဿနာလမ်းမှန် ဖြစ်သည်”ဟု ဆင်ခြင်ဆုံးဖြတ်နိုင်သော ဉာဏ်သည် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ”မည်၏။ ဝိပဿနာလမ်းကြောင်းမှန် ဟုတ်သည် မဟုတ်သည်ကို သိတတ်သော (ဆုံးဖြတ်နိုင်သော) ဉာဏ်သည် လမ်းကြောင်းမှန်မဟုတ်သည်ကို သုတ်သင်ရှင်းလင်းတတ်ခြင်းကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

မောစတုက် ၄ ပါး

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မဟာကြိယာစိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...

မနောဒွါရိက စိတ် ၆၇ ပါး

မနောဒွါရာဝဇ္ဇန်း၊ ဇော ၅၅ ပါး၊ တဒါရုံ ၁၁ ပါးအားဖြင့် ၆၇ ပါး၊ပေါင်း ၆၇ ပါး။ (မနောဒွါရာဝဇ္ဇန်း-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။