မဂ္ဂသစ္စာ ၂

by | Jun 9, 2022 | | 0 comments

မဂ်စိတ် ၄-ခု၌ရှိသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် (အရင်းခံ သဘောတရား) ၈-ပါး။

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။

မိစ္ဆာဒိဋ္ဌိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် "မိစ္ဆာဒိဋ္ဌိ" မည်၏။

မေတ္တာ ၂

မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် "ဘုရားဖူး, တရားနာ"စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား "မေတ္တာ"မဟုတ်ပါ၊ သို့ဖြစ်၍ "အဒေါသစေတသိက်ကို မေတ္တာ"ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း "မေတ္တာ" မည်သည်ကား...